Converse ရဲ့ Series တွေထဲမှ “Chuck Taylor 70’s” ကို အစစ်(Legit) နဲ့ အတု(Fake) ကို ဘယ်လိုခွဲခြားမလဲ????

Converse ရဲ့ Series တွေထဲမှ “Chuck Taylor 70’s” ကို အစစ်(Legit) နဲ့ အတု(Fake) ကို ဘယ်လိုခွဲခြားမလဲ????

လူငယ်တွေကြားထဲမှာ ယခုလက်ရှိအချိန်ထိ အရမ်းကိုကြိုက်ရပြီး ၊ အရမ်းHot ဖြစ်နေတုန်းဖြစ်တဲ့ Converse ကတော့ အစစ်(Legit) တွေနဲ့နီးပါးကို အလွန်ထပ်တူကြတဲ့ အတု(Fake) တွေနဲ့ အတူ ဝယ်သူတွေရဲ့ကြားမှာ ဝင်ရောက်နေရာယူနေတုန်းပါပဲ ။

ဒီလို အတု(Fake) တွေဟာ စေ◌ျးကွက်ထဲကို အများအပြားဝင်ရောက်နေရာယူလာတဲ့အတွက် ဝယ်သူတွေအများအပြားဟာလဲ ဖိနပ်တစ်ရံ အစစ်ဖြစ်ကြောင်းကို ဘယ်လိုစစ်ဆေးရမယ်ဆိုတဲ့ အချက်အလက်တွေ ၊  နည်းလမ်းတွေ ကိုဝယ်ယူသူတွေ အခုအချိန်ထိရှာဖွေနေရတုန်းပါပဲ  ။ အစစ်(Legit) နဲ့ အတု(Fake) က ဆင်တူသယောင် ရှိပေမဲ့ ကွဲလွဲချက်တွေ အများကြီးရှိတုန်းပဲဆိုတာ သတိထားမိသူနည်းသလောက်ပဲပါ။

Converse ရဲ့ Series တွေထဲမှာ “Chuck Taylor 70’s” ကို အစစ်(Legit) နဲ့ အတု(Fake) ကို ဘယ်လိုခွဲခြားမလဲ????

Converse ရဲ့ “Chuck Taylor 70’s” ကို အစစ်(Legit) နဲ့ အတု(Fake) ကိုသာမန်ကာလျှံကာကြည့်လိုက်ရင် Legit & Fake က အတူတူပဲလို့ထင်ရပါလိမ့်မယ် ဒါပေမဲ့ အစစ်(Legit) နဲ့ အတု(Fake) ခွဲခြားသိနိုင်ဖို့ အတွက် အောက်ဖော်ပြပါ နည်းလမ်း (၇)ခု ဖြင့် Converse By Culture Fit မှ ဖော်ပြပေးလိုက်ပါတယ်။

(၁) Shoeခုံ နဲ့ Shoelace Color ဖြင့် စစ်ဆေးနည်း

- အစစ်(Legit) Shoe မှာဆိုရင် Shoeခုံ နဲ့ Shoelaceသည် Natural White Colorကို အသုံးပြုထားပါသည်။ Shoelaceသည် ကျစ်ကျစ်လစ်လစ်ရှိသည်။

- အတု(Fake) Shoe မှာဆိုရင် Shoeခုံ နဲ့ Shoelaceသည် White Color ကိုသာ အသုံးပြုထားပါသည်။ Shoelaceသည် အရမ်းပါးပြီး ရိုးရိုး Converse All Star Shoelaceပုံစံသာ အသုံးပြုထားပါသည်။

(၂) Side Logo ဖြင့်စစ်ဆေးနည်း

- အစစ်(Legit) Shoe Logo တွင်လည်သာ(Leather) ဖောင်းကြွသားကို အသုံးပြုထားပါသည်။ Logo အတွင်းရှိစာသားများသည် အနက်ရောင်ကိုမှမဲနက်သောအရောင်ရှိပြီး Logo စာသားများကိုလဲ ပီပြင်သပ်ရပ်စွာရေးသားထားပါသည်။

- အတု(Fake) Shoe Logo မှာဆိုရင်လဲ အစစ်နှင့်နည်းတူ လည်သာ(Leather)  ဖောင်းကြွသားကိုအသုံးပြုထား သော်လဲ Logo အတွင်းရှိစာသားများ၏အရောင်သည် အနက်ရောင်ကိုသာအသုံးပြုထားသော်လည်း အစစ်(Legit) လောက် မဲနက်မနေပဲ နည်းနည်းလေးဖျော့တော့တော့ ရှိသည်။ Logoစာသားများသည်လဲ ပီပြင် သပ်ရပ်မှု မရှိပါ

(၃) ဖနောင့် Logo ဖြင့်စစ်ဆေးနည်း

- အစစ်(Legit) Shoe တွင် ဖနောင့် အနောက်ဘက်တွင်ရှိသော Logoသည် အောက်ခြေထိရောက်နေပါသည်။

- အတု(Fake) Shoe တွင် ဖနောင့် အနောက်ဘက်တွင်ရှိသော Logoသည် အောက်ခြေနှင့် အနည်းကွာနေပါသည်။ အပေါ်ဘက်သို့နည်းနည်းလေးတက်ဟန်ရှိနေပါသည်။

(၄) Shoe Code ဖြင့် စစ်ဆေးနည်း

- အစစ်(Legit) Shoe Code ကို Browser တို့တွင် ရိုက်ရှာကြည့်ပါက မိမိရှာဖွေနေသည့်ဖိနပ်တစ်ရံ၏ Codeနှင့် Color ကိုမှန်ကန်စွာ တွေ့ရပါမည်။

- အတု(Fake) Shoeတွင် ပါရှိသော Codeကို Browser တို့တွင် ရိုက်ရှာကြည့်ပါက Codeမှားနေပြီး တစ်ခြားဖိနပ် Design များပေါ်လာသော်လဲ မိမိရှာဖွေနေသည့်ဖိနပ် Codeနှင့် Color ကို မှန်ကန်မှုမရှိသည်ကို တွေ့ရှိရပါမည်။

(၅) ချည် ချုပ်ရိုး၊ချုပ်သားဖြင့် စစ်ဆေးနည်း

- အစစ်(Legit) Shoe၏ ချုပ်ရိုး၊ချုပ်သား ချည်များသည် သေသပ်ညီညာစွာ ချုပ်ထားပါသည်။

- အတု(Fake) Shoe၏ ချုပ်ရိုး ချုပ်သား ချည်များသည် ညီညာသေသပ်မှုမရှိပဲ မှေးမှိန်နေသည့်အပြင် ချုပ်သားများမှာလဲ လျော့ရိလျော့ရဲဖြစ်နေတာကို တွေ့ရပါလိမ့်မည်။

(၆) Shoeခုံ ဘေးလိုင်းသားဖြင့် စစ်ဆေးနည်း

- အစစ်(Legit) Shoe၏ ဘေးလိုင်းသားများသည် ပြောင်ချောချောပုံစံရှိပြီး လေးထောင့်လိုင်းများကိုလဲ မှိန်မှိန်လေး အသုံးပြုထားတာကို တွေ့ရပါမည်။

- အတု(Fake) Shoe၏ ဘေးလိုင်းသားများတွင် အသုံးထားသောလိုင်းများသည် ပုံမှန် Converse All Starရဲ့ ဘေးလိုင်းသားရိုးရိုးပုံစံကိုသာ အသုံးပြုထားပါသည်။

(၇) အောက်ခံSole ဖြင့် စစ်ဆေးနည်း

- အစစ်(Legit) Shoe၏ Sole လိုင်းကြားထဲတွင် ရှိသော Crystalအတုံးလေးများသည် အသေးစိတ်ပုံစံရှိကြပြီး၊ လိုင်းတုံးများသည် ဘေးသားနှင့် ကပ်လျှက်ပါရှိသည် အောက်Soleအရောင်သည်လဲ အညိုရောင်ရှိသည်

- အတု(Fake) Soleသည် All Starရဲ့ အောက်ခံSoleအတိုင်းဖြင့်သာ ပြုလုပ်ထားပါသည်သူအောက်ခံ Soleအရောင်သည် နီညိုရောင် ရှိသည်။

 

Converse ၏ “Chuck Taylor 70’s” ကို အထက်ဖော်ပြပါနည်းလမ်းများဖြင့် အစစ်(Legit) နဲ့ အတု(Fake) ကို ခွဲခြားသိရှိနိုင်ပါသည်။

Back to blog

Leave a comment